လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်ကအချက်အလက်တွေအားလုံးကိုကြည့်ရင်
"သံတုံးတွေကလေထဲမပျံနိုင်ဘူး" ဆိုတာချည်းပါပဲ။
အဲ့ဒီအချိန်က AI ရှိခဲ့ရင် လူတွေလေပေါ်ရောက်နိုင်လား လို့မေးတဲ့အခါ
"လူတွေ ပျံသန်းဖို့ မဖြစ်နိုင်ပါ" လို့ပဲအဖြေထုတ်ပေးမှာပါ။
Wright ညီနောင်က အချက်အလက်ကိုမယုံဘဲ၊
သူတို့ရဲ့ စိတ်ကူးဉာဏ် နဲ့ တီထွင်နိုင်စွမ်းကို ယုံခဲ့လို့သာ
လူတွေ အခုလေယာဥ်စီးနေရတာပါ။
iPhone မထွက်ခင်အချိန်ထိ ဖုန်းဆိုတာ
"ခလုတ်တွေအများကြီးပါမှ ကောင်းတာ" လို့လူတိုင်းထင်ခဲ့ကြတယ်။
အဲ့ချိန်မှာ AI ကို ဖုန်းဒီဇိုင်းဆွဲခိုင်းရင် ခလုတ်တွေပါတဲ့ ဖုန်းကိုထုတ်ပေးမှာပါ။
Steve Jobs ရဲ့ "ခလုတ်မပါတဲ့ ဖုန်း" ဆိုတဲ့ စိတ်ကူးကြောင့်သာ
အခုခေတ်ဖုန်းတွေ ဖြစ်လာတာပါ။
လူ နဲ့ AI ကွာတာကတော့ တီထွင်ဖန်တီးမှုပါပဲ။